Wednesday, February 13, 2013

သုံးနှုန်းမှတ်သားဝေါဟာရများ -၂

လက်ခံတယ်။ ခွင့်ပြုတယ်။ ယူတယ်။ ကြည်ဖြူတယ်၊ သဘောတူတယ် ဆိုတဲ့အဓိပ္ပါယ်မှာ accept, take, agree, တို့ကိုသုံးနိုင်ပါတယ်။
၁။ to accept an offer, invitation or request (ကမ်းလှမ်းချက်၊ ဖိတ်ခေါ်ချက်၊ တောင်းခံချက်ကိုလက်ခံသည်။ သဘောတူသည်)
I decided to accept the job. အဲဒီအလုပ်ကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပြီ။
The president has accepted an invitation to visit Beijing. သမ္မတကြီးကပီကင်းကိုသွားလည်ဖို့ဖိတ်ကြားချက်ကိုလက်ခံလိုက်တယ်။
**သတိထားရမှာက တစ်ခုခုကိုလုပ်ဖို့သဘောတူတယ်၊ လက်ခံလိုက်တယ်ဆိုရင်တော့ I accepted to do it. လို့မပြောဘဲနဲ့ I agreed to do it. လို့ပြောရပါမယ်။**

take an opportunity or a job (တစ်ယောက်ယောက်ကပေးလာတဲ့အခွင့်အရေးတစ်ခု၊ အလုပ်တစ်ခုကိုယူသည်။ လက်ခံသည်။)
He says he will take the job if the money’s right.
လခကောင်းရင်တော့အဲဒီအလုပ်ကိုလုပ်မယ်လို့သူပြောတယ်။
This is a wonderful opportunity- I think you should take it.
ဒါတကယ့်အခွင့်အရေးပဲ။ မင်းရယူသင့်တယ်လို့ထင်တယ်။
** take က accept ထက်ပိုပြီးအရပ်သုံးဆန်ပါတယ်။**
say yes (ကိုယ့်ကိုတစ်ခုခုလုပ်ပေးဖို့ပြောတာ ဖိတ်ကြားတာကိုလက်ခံတယ်)
We’d love you to come with us to France this summer. Please say yes!
မင်းကိုတို့နဲ့ဒီနွေရာသီလာနေစေချင်တယ်။ အင်းလို့ပြောစမ်းပါ။
He doesn’t usually lend his CDs, so I was surprised when he said yes.
သူကသူ့စီဒီတွေကိုငှားလေ့မရှိဘူး။ သူခွင့်ပြုလိုက်တော့အံ့သြသွားတယ်။
agree (အများအားဖြင့်ခက်ခဲတဲ့အရာတစ်ခု၊ အဆင်မပြေမယ့်အရာတစ်ခုကိုလုပ်ပေးမယ်လို့ပြောသည်။ သဘောတူသည်။)
They have asked me to attend the conference, and I’ve agreed.
သူတို့ကညီလာခံတက်ဖို့ပြောတာ ငါသဘောတူလိုက်တယ်။
I wish I had never agreed to teach him to drive.
သူ့ကိုကားမောင်းသင်ပေးဖို့သဘောမတူခဲ့မိရင်ကောင်းမှာ။
take somebody up on something/ take up somebody’s offer (သူများကမ်းလှမ်းလာချက်တစ်ခုကိုလက်ခံသည်။ ခံယူသည်)
တစ်ယောက်ယောက်က ကိုယ့်ကိုအကူအညီတစ်ခုလုပ်ပေးဖို့ပြောလာတယ်။ ဒါမျိုးကို (ချက်ချင်းမဟုတ်ဘဲ အချိန်အနည်းငယ်ကြာသွားတဲ့အခါမှာ) လက်ခံလိုက်တယ်လို့ဆိုချင်တဲ့ အခါသုံးပါတယ်။
If you need a babysitter, give me a call. Thanks- I may take you up on that some time.
ကလေးထိန်းလိုရင်ပြောနော်။ ကျေးဇူးပဲ။ တစ်ချိန်ကျရင်တော့ ပြောပါ့မယ်
In the end he took up his parents’ offer of a loan.
နောက်ဆုံးတော့ သူ့မိဘတွေရဲ့ ချေးငွေကူညီမှုကို ယူလိုက်ရတယ်။

၂။ to take money or gift that someone offers you (တစ်ယောက်ယောက်ပေးတဲ့လက်ဆောင်၊ ငွေကြေး ကိုလက်ခံ၊ ရယူသည်)
He gave us a lot of helpful advice, but refused to take any payment for it.
သူကအကြံကောင်းတွေအများကြီးပေးခဲ့တယ်။ ဒါပေမယ့် အဲဒီအတွက်ငွေကြေးတစ်စုံတစ်ရာ ယူဖို့ငြင်းခဲ့တယ်။
We hope you’ll accept this small gift.
ဒီလက်ဆောင်လေးလက်ခံပေးမယ်လို့မျှော်လင့်ပါတယ်။
The hotel accepts all major credit cards.
ဟိုတယ်က နာမည်ကြီးအကြွေးဝယ်ကဒ်အားလုံးကို လက်ခံတယ်။
take it or leave it (ယူချင်ယူမယူချင်နေ)
တဖက်သားယူယူမယူယူ ကိုယ်ကတော့ ကမ်းလှမ်းတာကိုမပြင်ဘူးလို့ပြောနိုင်ပါတယ်။
I’m offering you $100- take it or leave it.
ငါမင်းကို ဒေါ်လာ ၁၀၀ ပေးမယ်။ ယူချင်ယူမယူချင်နေ။ ဒါပဲ။
The Director was accused of accepting bribes from oil companies.
ညွှန်ကြားရေးမှူးသည်ရေနံကုမ္ပဏီများထံမှတံစိုးလက်ဆောင်ယူခဲ့ကြောင်းစွပ်စွဲခံရသည်။

၃။ to agree that a suggestion or idea is right (အကြံပြုချက်၊ စိတ်ကူး တစ်ခုဟုမှန်သည်ဟုလက်ခံသည်။ သဘောတူသည်။)
accept (လက်ခံသည်။) အရင်ကမှန်တယ်မထင်ထားခဲ့တဲ့စိတ်ကူးအကြံဥာဏ်တစ်ခုကိုအခုမှ ပြောင်းလည်းလက်ခံလာတာမျိုးဖြစ်ပါတယ်။
People are beginning to accept the idea that higher taxes may be necessary.
ပြည်သူများသည် အခွန်နှုန်းမြင့်မားရေးဟာလိုအပ်ကောင်းလိုအပ်မယ် ဆိုတဲ့အတွေးအခေါ်ကို စတင်လက်ခံလာကြသည်။
The judge accepted that Carter had not intended to harm anyone.
တရားသူကြီးက ကာတာဟာ ဘယ်သူ့ကိုမှအန္တရယ်ပြုဖို့မရည်ရွယ်ခဲ့ဘူးဆိုတာ လက်ခံလိုက်တယ်။
agree (to/that) (သဘောတူသည်။) စီမံချက်၊ အကြံဥာဏ်တစ်ခုဟာကောင်းတယ်လို့ယူဆတယ်။ အထူးသဖြင့် ကိုယ့်မှာလည်းခွင့်ပြုဖို့ ဆုံးဖြတ်နိုင်ခွင့်ရှိတယ်။
I spoke to my boss yesterday about postponing the meeting, and she agreed.
မနေ့ကသူဌေးကို အစည်းအဝေးရွှေ့ဆိုင်းဖို့ကိစ္စပြောတာ သူခွင့်ပြုလိုက်တယ်။
We want to have a big party, but I don’t think my parents will agree to it.
 တို့ကခမ်းခမ်းနားနားပါတီတစ်ခုလုပ်ချင်တာ။ မိဘတွေကသဘောတူမယ်မထင်ဘူး။
Everyone agreed that Dave should play at the school concert.
လူတိုင်းက ဒေ့ဗ်ကျောင်းကပွဲမှသရုပ်ဆောင်ဖို့သဘောတူကြသည်။
welcome (ကြိုဆိုသည်။) အစီအစဉ်၊ အကြံပြုချက်၊ ဆုံးဖြတ်ချက် တစ်ခုဟာအလွန်ကောင်းတယ်လို့ယူဆတယ်။ လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်။
Most companies have welcomed the idea of job-sharing.
ကုမ္ပဏီအများစုက အလုပ်မျှဝေမယ့်စိတ်ကူးကို ကြိုဆိုကြတယ်။
၎။ to accept a situation which you do not like (ကိုယ်မကြိုက်တဲ့အခြေအနေတစ်ခုကိုလက်ခံသည်)
accept ကိုယ်မကြိုက်ပေမယ့်မတတ်နိုင်လို့လက်ခံရသည်။
There’s nothing we can do-we have to accept the voters’ decision.
ဘာမှမတတ်နိုင်ဘူး။ မဲဆန္ဒရှင်တွေရဲ့ဆုံးဖြတ်ချက်ကို လက်ခံရမှာပဲ။
put up with something (phrasal verb) သည်းခံသည်။ စိတ်ပျက်စရာအခြေအနေ၊ လူတစ်ယောက်ရဲ့စိတ်အနှောင့်အယှက်ဖြစ်စရာအပြုအမူကို ပြောင်းလည်းဖို့မကြိုးစားဘဲ သည်းခံသည်။
I don’t know how to put up with all this noise day after day.
နေ့စဉ်ဒီလိုဆူညံသံတွေနဲ့ဘယ်လိုသည်းခံရမလဲဆိုတာမတွေးတတ်ဘူး။
You see what I have to put up with- the kids never stop quarrelling.
တွေ့တယ်မလားငါသည်းခံနေရတာတွေ။ ကလေးတွေအမြဲတမ်း ရန်ဖြစ်နေကြတာပဲ။

tolerate သည်းခံသည်။ အောင့်အီးသည်။ မြိုသိပ်သည်။
For years the workers have had to tolerate low wages and terrible working conditions.
နှစ်ပေါင်းများစွာကြာအောင် လုပ်ခနည်းနည်း၊ ဆိုးရွားတဲ့လုပ်ငန်းခွင်အခြေအနေတွေကို အလုပ်သမားတွေဟာအောင့်အီးနေခဲ့ရတယ်။
**(tolerate ကပို၍စာပေသံပေါက်သည်)**
live with something (phrasal verb) ၀က်ဖြစ်မှမစင်ကြောက်လို့မရတော့ဘူးဆိုသလို မသာယာတဲ့ဘ၀အခြေအနေတစ်ခု ကိုလက်ခံနေထိုင်ရသည်။
You have to learn to live with stress.
စိတ်ဖိစီးမှုတွေနဲ့နေတတ်အောင်နေရမယ်
to resign to something  မရှောင်သာတော့လည်းလက်ခံရသည်။
Joe is resigned to the fact that he will miss tomorrow’s big race.
ဂျိုးဟာမနက်ဖန်ပြိုင်ပွဲကြီးကိုလွဲတော့မယ်ဆိုတာမလွှဲသာလက်ခံလိုက်ရတယ်။
make the best of it ဖြစ်သမျှအကြောင်းအကောင်းချည်းမှတ်။ မလွှဲသာတဲ့အခြေအနေ မလိုချင်ပေမယ့်လည်း အဆိုးထဲကကောင်းနိုင်သမျှကောင်းအောင်၊ အဆိုးနည်းအောင်ကျိုးစားတာ မျိုးကိုဆိုလိုပါတယ်
The school isn’t the one I really wanted to go to, but I suppose I’ll just have to make the best of it.
ငါနေချင်တဲ့ကျောင်းတော့မဟုတ်ဘူး။ ဒါပေမယ့်မတတ်နိုင်ဘူး။အကောင်းဆုံးဖြစ်အောင်လုပ်ရမှာပဲ။
၅။ to officially accept a new law or proposal (ဥပဒေသစ်တစ်ခု၊ စီမံချက်တစ်ခုကို တရားဝင်အသိအမှတ်ပြုသည်)
pass ခွင့်ပြုသည်။
The State Assembly passed a law which banned smoking in public places.
အများပြည်သူနဲ့ဆိုင်တဲ့နေရာမှာဆေးလိပ်သောက်ခြင်းကိုတားမြစ်သည့်ဥပဒေအား ပြည်ထောင်စုလွှတ်တော်မှခွင့်ပြုလိုက်သည်။
approve အတည်ပြုသည်။
The deal has already been approved by shareholders.
အရောင်းအ၀ယ်သဘောတူညီချက်အား ရှယ်ယာရှင်များမှတရားဝင်အတည်ပြုပြီးဖြစ်သည်။
approval အတည်ပြုချက်


 source: Longman Essential Activator
(Credit to : ဇာနည် (MyWay!))

No comments:

Post a Comment